သိပြီးသူများလည်းရှိပါလိမ့်မည်
မသိသေးသောသူများအတွက်ရည်ရွယ်ပါသည်။မလေးရှားမှ သူငယ်ချင်းတစ်ယောက်
လှမ်းမေးထား သဖြင့် မအားသည့်ကြားမှ ဒီပို့(ဒ်)လေးကိုတင်ထားရပါသဖြင့်
အမှားပါလျှင့် ခွင့်လွှတ်စေချင်ပါသည်.....။
ကဲကဲ...လေကျောလည်းနဲနဲများသွားပြီ....လိုအပ်တာတွေဒေါင်းကြပါစို့။
Download ဆွဲရန်(1)http://www.mediafire.com/?p96oz99a1rrv2eb
(2)http://www.mediafire.com/?oue164rl4o68b4y
(3)http://www.facebook.com/l.php?u=http%3A%2F%2Fwww.sammobile.com%2F&h=xAQGV8UVs&s=1
(4)http://www.facebook.com/l.php?u=http%3A%2F%2Fwww.samsung-updates.com%2F&h=QAQF-D_Vg&s=1
(၁)။Download ဆွဲထားသော (1) ကို Zip ဖြည်ပြီး Phone ဖြင့်ချိတ်မည့် သင်၏Computer တွင် Driver ဖြစ်သော Samaung Kies ကို Run ပေးပါ။
(၂)။Download ဆွဲထားသော (2) ကိုပါZip ဖြည်ပြီး Odin ကို Run ပေးပါ။
(၃)။Download ဆွဲထားသော (3) နှင့် (4) သည် သင်၏ Phone ၏ သက်ဆိုင်ရာ Firmware ကို Download ဆွဲရန်အတွက်ဖြစ်ပါသည်။အဆင်ပြေသော ဆိုဒ်မှဆွဲနိုင်ပါသည်။
(၄)။သက်ဆိုင်ရာ Firmware ကို Download ဆွဲပြီးပါက Computer Desktop
၏တစ်နေရာတွင် သီးသန့် ဖိုင်တည်ဆောက်ပြီး Zip
ဖြည်လိုက်ပါ။ဖိုင်(၅)ဖိုင်ထွက်လာပါမည်။
(၅)။Computer တွင် Odin ကိုဖွင့်ပါ Odin တွင် Option ဆိုသောအောက်ရှိ Auto Reboot နှင့် F.Reset Time နေရာတွင် အမှန်ခြစ်ပါ။
(၆)။Odin မှ OPS နေရာတွင် အမှန်ခြစ်ပေးပြီး Zip ဖြည်ထားသော Firmware အတွင်းမှ kernal.သက်ဆိုင်ရာmodel***ကိုSlect လုပ်ပေးပါ။
(၇)။Odin မှ PDA နေရာတွင် Zip ဖြည်ထားသော Firmware အတွင်းမှ CODE ပါသောစာတန်းကိုရွေးပါ။
(၈)။Odin မှ PHONE နေရာတွင် Zip ဖြည်ထားသော Firmware အတွင်းမှ MODEM ပါသောစာတန်းကိုရွေးပါ။
(၉)။Odin မှ CSC နေရာတွင် Zip ဖြည်ထားသော Firmware အတွင်းမှ CSC ပါသောစာတန်းကိုရွေးပါ။
(၁၀)။အားလုံးပြီးပါက Phone တွင် Battery တပ်ပြီး Power + Volume Down+Home
Key သုံးခုလုံးတွဲနှိပ်ထားပါစာတန်းများတက်လာလျှင် Download Mode
အတွင်းသို့ဝင်ရန် Volume Up ကိုတစ်ချက်နှိပ်ပေးပါ။
(၁၁)။ပြီးလျှင် Computer နှင့် Phone ကိုချိတ်ဆက်ပါ။
(၁၂)။Odin တွင် IDးCOM နေရာတွင် အဝါရောင်လေးပေါ်လာပါမည်။(မဝါသွားပါက Samsung Kies ကို Computer တွင်ပြန် Run ပေးပါ။)
(၁၃)။Odin မှ Start ကိုနှိပ်ပြီး Run ပေးပါ။Odin မှ
အလုပ်လုပ်သွားပါလိမ့်မည်။အားလုံးပြီးပါက IDးCOM ရဲ့အပေါ်က အကွက်လေးထဲမှာ
KERNEL ဆိုပြီး အစိမ်းရောင်လေးပေါ်လာပါမယ်။Phone ကတော့ Auto Reboot
ကျသွားပြီးပြန်တက်လာပါက Software အသစ်လေးနဲ့ပြန်လန်းလို့ရပါပြီ။
လိုအပ်သည်များ၊သိလိုသည်များ၊Software များလိုအပ်ပါက newlife.life9@gmail.com (သို့)newlife.life9@ymail.com(Facebook)တွင် Add လုပ်ပြီးမေးမြန်းနိုင်ပါသည်။
...............အားလုံးသောသူငယ်ချင်းတွေအဆင်ပြေကြပါစေလို့တောင်းဆုပြုလိုက်ပါတယ်နော်............
တက်သိသမျှလေးများကိုဝေမျှလျှက်
ကိုဇော်
No comments:
Post a Comment
Note: Only a member of this blog may post a comment.